,

နေပြည်တော် နိုဝင်ဘာလ ၂၉

   စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏  မြန်မာနိုင်ငံပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုခေတ်မီဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Myanmar Modernization of Public Finance Management Project-M-MPFMp) အစီအစဉ်အရ ဝယ်ယူသော Integrated Tax Administration System (ITAS) စနစ် ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ကနေဒါနိုင်ငံမှ JV Sogema Technologies Inc (Lead) And Cowater Sogema International Inc နှင့် သဘောတူစာချုပ်လက်မှတ် ရေးထိုးပွဲအခမ်းအနားကို ၂၉-၁၁-၂၀၁၈ ရက်နေ့ နံနက် ၈:၀၀ နာရီ တွင် နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် ၄၆၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး) ဒေါ်မြမြဦး ၊ ညွှန်ကြားရေးမှူး (သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ) ဦးတင်မောင်သန့်၊ ညွှန်ကြားရေးမှူး(အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲ) ဦးခိုင်လျံကျင့်ထန် ၊ M-MPFMp စီမံကိန်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်စမ်းသီတာ ၊ Procurement Specialist Mr. Sukumar Karthrik  ၊ JV Sogema Technologies Inc (Lead) And Cowater Sogema International Inc မှ Mr. Hani Michel (Chief Growth Officer, Sogema) ၊ Mr. Claude Neunlist (Vice President, Sogema) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

   အဆိုပါ အခမ်းအနားတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်နှင့်  တင်ဒါအောင်မြင်သော JV Sogema Technologies Inc (Lead) And Cowater Sogema International Inc မှ Chief Growth Officer,  Mr. Hani Michel တို့လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။