နေပြည်တော် စက်တင်ဘာလ ၁၁

ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲဆောင်ရွက်မှုများတွင် တစ်ရပ် အပါအဝင်ဖြစ်သော သတင်းအချက်အလက်နှင့်နည်းပညာ ပြုပြင်ပြောင်းလဲရေးစီမံချက်အား အကောင် အထည်ဖော်နိုင်ရန် Integrated Tax Administration System အသုံးပြုနိုင်ရေးအတွက် Sogema Technologist Team နှင့်တွေ့ဆုံဆွေးနွေးခြင်းအစီအစဉ်ကို နေပြည်တော်၊ ရုံးအမှတ်(၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၁၁-၉-၂၀၁၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီ၌ စတင်ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ Mr. Sukumar (Procurement Specialist), Mr. Gragory Topping (Advisor), Mr. Tesuys Kuge (Advisor JICA), Sogema Technologist Team ၊ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကြီးကြပ်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး)၊ ညွှန်ကြားရေးမှူးများ နှင့် အရာထမ်း၊အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး Sogema Technoligist Team ၏ ဆွေးနွေး တင်ပြချက်များအပေါ် ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့မှ (၁၄)ရက်နေ့အထိ (၄) ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ် ကြောင်း သိရှိရပါသည်။