၆။ TAXATION (စည်းကြပ်ခြင်း)

အထူးကုန်စည်ခွန်
အထူးကုန်စည်များ ပြည်တွင်းသို့တင်သွင်းပါက အောက်ပါအတိုင်း အထူးကုန်စည်ခွန်ကျသင့် ပါသည်။

အထူးကုန်စည်ကို ပြည်တွင်း၌ထုတ်လုပ်ရောင်းချခြင်းဖြစ်ပါက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနက ဖော်ပြသော ရောင်းစျေးတန်ဖိုးနှင့် ပြည်တွင်းအခွန်များဦးစီးဌာနစီမံခန့်ခွဲမှုကော်မတီက ခန့်မှန်း သတ်မှတ် သည့်ရောင်းစျေးတန်ဖိုး၊ ယင်းတန်ဖိုးနှစ်ရပ်အနက် များရာတန်ဖိုးအပေါ်တွင်  အထူးကုန်စည်ခွန်ကျသင့် ပါမည်။
အထူးကုန်စည်များ ပြည်ပသို့ တင်ပို့ခြင်းဖြစ်ပါကအောက်ပါအတိုင်းကျသင့်ပါမည်။

ကုန်သွယ်လုပ်ငန်းခွန်

ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကျသင့်ပါမည်။ အထူးကုန်စည်များ ဖြစ်ပါက အထူးကုန်စည်ခွန်အပါအဝင်ဖြစ်သော ရောင်းရငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်မည် ဖြစ်ပါသည်။
ပြည်တွင်းလေကြောင်းခရီးသည် ပို့ဆောင်ခရငွေနှင့် အဆောက်အအုံများ ဆောက်လုပ်ရောင်းချ ခြင်းမှ ရောင်းရငွေများအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၃ ရာခိုင်နှုန်းကျသင့်ပါမည်။
ရွှေထည်လက်ဝတ်ရတနာများ ရောင်းချရငွေအပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ၁ ရာခိုင်နှုန်း ကျသင့်ပါမည်။

ဝင်ငွေခွန်

- လုပ်ငန်းဝင်ငွေကို တွက်ချက်ရာတွင် ယင်းဝင်ငွေရရှိရန် ကုန်ကျစရိတ်များနှင့် ပစ္စည်းတန်ဖိုး လျော့ငွေကိုနုတ်ပေးပါသည်။ ဝင်ငွေမှကုန်ကျစရိတ်နုတ်ပယ်ပြီး အသားတင်အမြတ်ဝင်ငွေ အပေါ်တွင်  ၂၅ ရာခိုင်နှုန်း ဖြင့်ကုန်သွယ်ခွန်ကျသင့်ပါမည်။
(လုပ်ငန်းမှကျသင့်မည့်အခွန်ကို Tax Calculator link တွင်ဝင်ရောက်တွက်ချက်ခန့်မှန်းနိုင်ပါသည်။)